Monday, August 22, 2016

မေတ္တာရပ်ခံခြင်း


Printer Resetter များ ၊ အပြင်တွင် ၀ယ်မရသော Service သုံး tools , Utilities များအတွက် ကျွန်တော့ ဆိုင်တွင် ခွေရိုက်ပေးခြင်း ၊ ရောင်းချပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း customer များအား အသိပေးပါသည်။ 
အခြား မည်သည့် service , Software အရောင်းဆိုင်များတွင် မှ ရောင်းချခြင်း မရှိသော software , Tools , Resetter များအတွက် ကျွန်တော့အနေဖြင့်လည်း service သမားတစ်ယောက်၏ စည်းကမ်းကို ဖေါက်ပြီး ရောင်းချပေးမည် မဟုတ်ပါ။
သို့သော် နည်းပညာသမားတစ်ယောက်အနေဖြင့် ကျွန်တော့ဘလော့တွင်သော်လည်းကောင်း ၊ Facebook Page တွင်လည်းကောင်း  မျှဝေပေးမည်ဖြစ်ပြီး ဆရာစားမကျန် ရေးသားဖေါ်ပြပေးထားမည် ဖြစ်ပါသည်။ 
ထို့ကြောင့် အသုံးပြုလိုသော သူများအနေဖြင့် အလွယ်လမ်းကို မလိုက်ပဲ google မှ ရှာဖွေပြီးသော်လည်းကောင်း ၊ ကျွန်တော့ blog , Facebook page များမှ တင်ပေးပါရန် အကူအညီတောင်းခံခြင်းဖြင့်လည်းကောင်း မိမိတို့၏ စာဖတ်နိုင်စွမ်း ၊ ဥာဏ်ရည်ဥာဏ်သွေးတို့ကို မြင့်တင်ပြီး အရည်အချင်း ပြည့်ဝသော service သမားတစ်ယောက်အဖြစ် ရပ်တည်ကြပါရန် ကျွန်တော် mr.GRATE မှ  မေတ္တာရပ်ခံပါသည်။ 

Friday, August 12, 2016

epson printer ink counter ဖြေနည်းလမ်းညွှန်

Epson Color Printer Ink Counter Reset

( Epson Color Printer များ ဆေး ကောင်တာ ပြန်ဖြေခြင်း )

ကာလာ ပရင်တာ အသုံးပြုနေသူတိုင်း သိပြီးသော အကြောင်းအရာ ဖြစ်ပါလိမ့်မည်။
မသိသေးသော သူများအတွက်သာ ရည်ရွယ်ပါသည်။





Counter Reset ဆိုတာ
Epson color Printer အားလုံးနီးပါးလိုလိုဟာ ink Counter ပါကြပါတယ်။
ink counter ဆိုတာက စာရွက်ရေ ဘယ်လောက် ထုတ်ပြီးရင် ၊ ပရင်တာ head ဆေးတဲ့ အကြိမ်ရေ ဘယ်လောက်ရှိရင် သက်တမ်းကုန်ပြီလို့ မှတ်သားထားတဲ့ ပရင်တာထဲက ပရိုဂရမ်လေး တစ်ခုပါ။
ပုံမှန် ပရင်တာ ကြီးတွေ ဥပမာ (T60 , R390) တွေဆိုရင် counter value = 20000 ပါ။ ပရင်တာအသေးလေးတွေကတော့ counter value = 6000 ပါ
အဲဒီ value လေးတွေ ပြည့်သွားရင် ပရင်တာက အလုပ်မလုပ်တော့ပါဘူး ။ ဒါကို counter ပြည့်တယ်လို့ ခေါ်ပါတယ် ။ အဲ ပြည့်သွားတဲ့ value တွေကို 0 ဖြစ်သွားအောင် ပြန်လုပ်တာကတော့ Reset လုပ်တာပေါ့ဗျာ။

Ink Counter ပြည့်သွားရင်
၁။ counter ပြည့်သွားတာဆိုရင် power ဖွင့်လိုက်ရင် head မရွှေ့ရပါဘူး ။ နည်းနည်းမှ မရွှေ့ရပါဘူး။ (Head ရွှေ့ရင် counter error မဟုတ်ပါ။)
၂။ power မီး လင်းနေပြီး ဆေးကုန်သည့် မီးနီ နှင့် စာရွက်error မီးနီ မိတ်တုတ် မိတ်တုတ် လင်းနေရပါမည်။
Ink Counter ဘယ်လိုဖြေမလဲ
လိုအပ်သည့် မိမိ printer နှင့် ကိုက်ညီသော resetter ကို google ကိုရှာခိုင်းပြီး အရယူပါ။ မရ ရ အောင် ရှာခိုင်းပါ ။ :)
ရလာသော ဆော့ဝဲလ်တွင် ပါသော "read me" ဖိုင်ကို သေချာဖတ်ပါ။
(အသုံးပြုရမည့် windows , PC Date and time settings စသည်တို့ ကွဲပြား ပါမည်။)
ယခု epson T60 reset လုပ်ပုံနှင့် ဥပမာ ပြပါမည်။
လိုအပ်သော software (resetter) ဒေါင်းပါ။
( post တင်နေချိန်အတွင် လိုင်းမကောင်းပါသဖြင့် resetter software များကို သီးသန့် အကြောင်းအရာတစ်ခုအနေဖြင့် ပြန်တင်ပေးပါမည်။ ယခု ချက်ချင်း စမ်းသပ်ချင်ပါက google ကြီးကို မရမက ရှာခိုင်းပါ ။ ရှိပါသည်။ )
(Windows 7 နှင့် အဆင်ပြေပါသည်။ Date , Time ပြောင်းရန်မလိုပါ။)
၁။ adjustment program.exe ကိုဖွင့်ပါ။
၂။ printer model ရွေးပါ။
၃။ port နေရာတွင် "Auto" ထားပါ။
၎။ OK ,
၅။ "Particular Adjustment mode" ကိုရွေးပါ။
၆။ ထို့နောက် "Waste Ink pad counter" ကိုရွေးပါ။
၇။ နောက် ပေါ်လာသော window တွင် "Main Pad counter" , "Patten Pad Counter" တို့ကို အမှန်ခြစ်ပေးပါ။
၈။ Check ကို နှိပ်ပါ။ အသုံးပြုထားသော value များကို ပြပေးပါမည်။
၉။ ၄င်းတို့ကို ပြန်ဖြေလိုသဖြင့် "Main Pad counter" , "Patten Pad Counter" တို့ကို အမှန်ပြန်ခြစ်ပါ။
၁၀။ "initialization" ကို နှိပ်ပါ ။ ခဏမျှ အလုပ်လုပ်ပြီး printer ကို ပိတ်ခိုင်းပါမည်။ Printer ကို ပိတ်ပြီး OK နှိပ်ပါ ။
Printer Waste ink pad counter error ဖြေရှင်းပြီးပါပြီ ။

posted by : Mr.GRATE

canon ip2772 resetter tested by GRATE Computer

Canon Ip 2772 Printer Resetter * (tested , working)



download link
https://drive.google.com/open…

ဈေးသင့်ပြီး အသုံးများတဲ့ Printer ဖြစ်ပါတယ်။ သတ်မှတ်ထာတဲ့ အရည်အသွေးမှီ refillေးဆတွေကိုသာ သုံးမယ်ဆိုရင် တော်တော်အဆင်ပြေတဲ့ printer လို့ ပြောရမှာပါ။
( တော်တော်များများကတော့ ဒီဈေးသက်သာတဲ့ printer က ခဏနေရင် ပျက်တယ်လို့ ပြောကြပါတယ် ။ အရည်အသွေကောင်းတဲ့ ဆေးရည်သာ ထည့်သုံးပါ။ ခဏနေရင် မပျက်စေရပါဘူး ။ လက်တွေ့ပါ ။ ဆိုင်မှာလာတဲ့ customer တော်တော်များးမျာတောင် ဆေးအကောင်းသုံးရမယ်ဆိုတာ လက်ခံလာပါပြီ ။ )

waste ink counter ရဲ့ လက္ခဏာကတော့ ထုံးစံအတိုင် မီးဝါလင်းတယ် ၊ head မရွေ့ဘူး ။ မီးစိမ်းမီးဝါြေးပနေတယ်။ ဒါမှမဟုတ် ကွန်ပျူတာမှာ B5200 ဆိုပြီး error ခဏဏ တက်တယ်။

 ပြုပြင်နည်း
canon က နည်းနည်း ရှုပ်ပါတယ် ။ လုပ်နေကျလူတွေအတွက်တော့ မဆိုလိုပါဘူး။
၁။ printer ကို power ပိတ်ပါ။ resume ခလုပ်ကို ဖိထားပါ။
၂။ resume ခလုပ်ကို ဖိထားလျက်နှင့် power ခလုပ်ကို နှိပ်ပါ။
၃။ ထို့နောက် power ခလုပ်ကို မလွတ်ပဲ resume ခလုပ်ကို လွတ်ပါ။
၎။ power ခလုပ်ကို ဖိလျက် အနေအထာနှင့်ပဲ resume ခလုပ်ကို 5 ခါနှိပ်ပါ။
၅။ 5 ခါမြောက် ခလုပ်ပြန်လွတ်မည့်အချိန်တွင် resume ခလုပ်နှင့် တွဲလျှက် powr ခလုပ်ကို လွတ်ပါ။
head ရွှေ့လာမည်။ (printer ၏ service mode အတွင်းသို့ဝင်သွားပါပြီ)
၆။ software ကို ဖွင့်ပါ။ (service tool V3400)
၇။ printer တွင် စာရွက် ထည့်ထားပါ။
၈။ Service tool ၏ Main Tab ထဲမှ Set destination တွင် jpn ကိုရွေးပါ။
set ကို နှိပ်ပါ။ OK ပြမည်။
၉။ Clear ink counter နေရာ absorber main set ။ OK ပြမည်။
စာရွက်တစ်ရွက် ထွက်လာမည်။
၁၀။ Ink absorber counter နော absorber main set ။ OK ပြမည်။
ပြီသွာလျှင် စက်ကို power ပိတ် ပြန်ဖွင်ပါ။
** သတိ ။ ။ service mode အ၀င်မှားလျှင် power အောက် သွားမည်။
ဘာ မီရောင် သင်္ကေတ မှ ပြတော့်မည် မဟုတ်ပါ ။ power မီးလည် မလင်းတော့ပါ။ မစိုးရိမ်ပါနှင့် ။
 ၃ မိနစ်ခန့်နေလျှင် ပုံမှန်အတိုင် ပြန်ဖြစ်ပါမည်။ ***

Miscrosoft Office 2010 Activator

Microsoft Office 2010 Activator


မိမိတို့အသုံးပြုနေတဲ့ Microsoft Office2010 က Activate မဖြစ်လို့ စိတ်အနှောက်အယှက်ဖြစ်နေရင် ဒီ tools လေးနဲ့ အဆင်ပြေပါတယ်။ 
Activator ဖြစ်တဲ့အတွက် Antivirus programs တွေက virus အနေနဲ့ တွေ့ပေးမှာ ဖြစ်ပါတယ် ။ Virus မဟုတ်လို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ် ။ 
Activate လုပ်တော့မယ်ဆိုရင်တော့ ထုံးစံအတိုင်း Antivirus တွေကို Disable protection လုပ်ထားမှ အလုပ်လုပ်ပါလိမ့်မယ် ။ 

ဒီနေရာကနေ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။
Office 2010 Activator Download 

zapya update

ကွန်ပျူတာအတွက် zapya  လိုချင်တယ်ဆိုရင် 



မိမိကွန်ပျူတာမှာ wifi ရှိဖို့တော့ လိုမှာဖြစ်ပါတယ် ။ wireless device ကို ဆိုလိုချင်တာပါ။
ဒီမှာသွားဒေါင်းလို့ရပါတယ် ။ ကွန်ပျူတာအတွက်မှ မဟုတ်ပါဘူး ။

zapya ကို ရယူရန်
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht-xHW83XMlMdxzQS4gd5Zk2sjjiI_aSRjj2uWrp-uYpObzycH6CdwRm_KtAMtnBXMUu1z0nbjtlQIK4OfUpIjPpzbrM1G82EsY3pV9bObzSoYdqpdchBpMVG9UFvC9eNP_yr4U8Z01F6m/s1600/zapya-file-transfer.jpg
 


ကိုယ်အသုံးပြုနေတဲ့ အင်တာနက်လိုင်းရဲ့ အမြန်နှုန်းကို သိချင်တယ်ဆိုရင်


www.speedtest.net

ဖြစ်ပါတယ်။