Monday, August 8, 2016

torrent အကြောင်း (၁)

ကွန်ပျူတာသမားများအတွက် Torrent အကြောင်း (၁)

 





 အင်တာနက်ပေါ်မှာ ကျွန်တော်တို့ လိုချင်တဲ့ အကြောင်းအရာ အားလုံးနီးပါး ရှာလို့ရတယ် ဆိုတာ မှန်ပါတယ် ။ ရှာလို့ ခက်ခဲမယ် ။ ဒါမှမဟုတ်လွယ်မယ် ။ အနည်းစုကတော့ မရှိတာပေါ့ဗျာ ။

အဲဒီမှာ အင်တာနက် ဆိုတာကြီးကို viber ပြောဖို့ ။ facebook သုံးဖို့ / Gtalk သုံးဖို့ လို့သတ်မှတ်ထားတဲ့သူတွေ တော်တော်များတယ်ဗျ ။ အဲဒါလေးတွေ သုံးတတ်ရင်ပဲ ဟုတ်လှပြီပေါ့။
သိပ်ကို မှားပါတယ်။
အဲဒီအကြောင်းအရာတွေ မသုံးရဘူးမဟုတ်ဘူး ။ သုံးရပါမယ်။ သိပ်ကို အသုံးဝင်ပါတယ် ။ ဒါပေမယ့် အဲဒီ social media တွေမှာ မနစ်မွန်းသွားပါစေနဲ့ ။
ကျွန်တော် သတ်မှတ်ထားတာကတော့ အင်တာနက် ဆိုတာ ကျွန်တော့အတွက် ဆရာတစ်ဆူပါ ။ မသိရင် သူ့ကို မေးလို့ရတယ် ။ သူ့ဆီကနေ သင်ယူလို့ရတယ်။ ကိုယ်လိုချင်တာတွေကို ပေးတယ်။ နည်းပညာသမားတော်တော်များများ အဲလို သတ်မှတ်ကြပါလိမ့်မယ် ။ လိုင်းလေး ကောင်းလာရင် ၊ ဒေါင်းလုပ်စပိလေး များလာရင် ပျော်လို့ ။ ညကို မအိပ်တော့ဘူး ။
အဲ . . ဖေါတာ နဲနဲ များသွားပြီ ။ သည်းခံပါဗျာ ။ ကျွန်တော်တို့ အင်တာနက်ကြီးကနေ လိုချင်တာတွေ ရှာပြီဗျာ ။ ဥပမာ ဆော့ဝဲလ်တစ်ခု ဆိုပါတော့ ။ Google ကနေပြီးတော့မှ အဲဒီ ကိုယ်လိုချင်တဲ့ နာမည်ကို ရိုက်ရှာရင် တွေ့ပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ အတိုင်းအတာကို ရအောင် ရှာဖို့ရာ ခက်ခဲပါလိမ့်မယ် ။ ကျွန်တော်တို့ လိုမှာက ဆော့ဝဲလ်တစ်ခုဆိုရင် Full version ဖြစ်ရမယ် (တနည်း) ကျွန်တော်တို့ကို ၀ယ်မသုံးနိုင်ကြဘူးဆိုတော့ Full version (CRACKed) ပေါ့ဗျာ ။ Google ကြီးက ဆော့ဝဲလ်ကို ရှာပေးပေမယ့် crack လုပ်ထားတဲ့ ဆော့ဝဲလ်တွေကျတော့ လင့်သေနေတာနဲ့ ။ ဖျက်လိုက်တာနဲ့ ။ ရှာမရတာနဲ့ ။ Fack လင့်တွေနဲ့ ။ Bank Account တောင်းတာနဲ့ အမျိုးမျိုး ကြုံဖူးမှာပါ။ တောတော်လေး မွေနောက်ပြီးမှ ရပါလိမ့်မယ်။
အဲဒီပြသနာတွေက ကင်းဝေးအောင် ကျွန်တော်တို့ Torrent ကို သုံးကြည့်ရအောင် ။ စာဖတ်သူတွေ Torrent ကို သိချင်လည်းသိမယ် ။ သိချင်မှလည်း သိလိမ့်မယ် ။ စာဖတ်သူဟာ ကွန်ပျူတာသမားတစ်ယောက်ဖြစ်ဖို့ ရည်စူးထားတယ်ဆိုရင်တော့ သိမှ ၊ သုံးတတ်မှ ဖြစ်မယ်လို့ မှတ်ထားပါ။
Torrent အကြောင်းကိုတော့ ကျွန်တော် အကျယ်တစ်ပွင့်မရေးပြတော့ဘူးဗျ။
ရေးရမှာ ပျင်းလို့ google မှာ မွေလိုက်သော သကာလ ကို သက်နိုင်စိုး တင်ထားတဲ့ post လေးကို တွေ့လို့ အဲဒါလေးကိုပဲ ပြန်ရှယ်ပေးလိုက်ပါတယ်။
တော်တော် ပြည့်စုံတဲ့ post လေးပါ။
စာဖတ်သူ နားလည်အောင် ဖတ်ပါ။ သုံးကြည့်ပါ ။ အများကြီး အကျိုးရှိပါလိမ့်မယ်။

ကွန်ပျူတာ သမားများအတွက် Torrnet အကြောင်း (2) သို့

No comments:

Post a Comment