Epson Color Printer Ink Counter Reset
( Epson Color Printer များ ဆေး ကောင်တာ ပြန်ဖြေခြင်း )ကာလာ ပရင်တာ အသုံးပြုနေသူတိုင်း သိပြီးသော အကြောင်းအရာ ဖြစ်ပါလိမ့်မည်။
မသိသေးသော သူများအတွက်သာ ရည်ရွယ်ပါသည်။
Counter Reset ဆိုတာ
Epson color Printer အားလုံးနီးပါးလိုလိုဟာ ink Counter ပါကြပါတယ်။
ink counter ဆိုတာက စာရွက်ရေ ဘယ်လောက် ထုတ်ပြီးရင် ၊ ပရင်တာ head ဆေးတဲ့ အကြိမ်ရေ ဘယ်လောက်ရှိရင် သက်တမ်းကုန်ပြီလို့ မှတ်သားထားတဲ့ ပရင်တာထဲက ပရိုဂရမ်လေး တစ်ခုပါ။
ပုံမှန် ပရင်တာ ကြီးတွေ ဥပမာ (T60 , R390) တွေဆိုရင် counter value = 20000 ပါ။ ပရင်တာအသေးလေးတွေကတော့ counter value = 6000 ပါ
အဲဒီ value လေးတွေ ပြည့်သွားရင် ပရင်တာက အလုပ်မလုပ်တော့ပါဘူး ။ ဒါကို counter ပြည့်တယ်လို့ ခေါ်ပါတယ် ။ အဲ ပြည့်သွားတဲ့ value တွေကို 0 ဖြစ်သွားအောင် ပြန်လုပ်တာကတော့ Reset လုပ်တာပေါ့ဗျာ။
Ink Counter ပြည့်သွားရင်
၁။ counter ပြည့်သွားတာဆိုရင် power ဖွင့်လိုက်ရင် head မရွှေ့ရပါဘူး ။ နည်းနည်းမှ မရွှေ့ရပါဘူး။ (Head ရွှေ့ရင် counter error မဟုတ်ပါ။)
၂။ power မီး လင်းနေပြီး ဆေးကုန်သည့် မီးနီ နှင့် စာရွက်error မီးနီ မိတ်တုတ် မိတ်တုတ် လင်းနေရပါမည်။
Ink Counter ဘယ်လိုဖြေမလဲ
လိုအပ်သည့် မိမိ printer နှင့် ကိုက်ညီသော resetter ကို google ကိုရှာခိုင်းပြီး အရယူပါ။ မရ ရ အောင် ရှာခိုင်းပါ ။ :)
ရလာသော ဆော့ဝဲလ်တွင် ပါသော "read me" ဖိုင်ကို သေချာဖတ်ပါ။
(အသုံးပြုရမည့် windows , PC Date and time settings စသည်တို့ ကွဲပြား ပါမည်။)
ယခု epson T60 reset လုပ်ပုံနှင့် ဥပမာ ပြပါမည်။
လိုအပ်သော software (resetter) ဒေါင်းပါ။
( post တင်နေချိန်အတွင် လိုင်းမကောင်းပါသဖြင့် resetter software များကို သီးသန့် အကြောင်းအရာတစ်ခုအနေဖြင့် ပြန်တင်ပေးပါမည်။ ယခု ချက်ချင်း စမ်းသပ်ချင်ပါက google ကြီးကို မရမက ရှာခိုင်းပါ ။ ရှိပါသည်။ )
(Windows 7 နှင့် အဆင်ပြေပါသည်။ Date , Time ပြောင်းရန်မလိုပါ။)
၁။ adjustment program.exe ကိုဖွင့်ပါ။
၂။ printer model ရွေးပါ။
၃။ port နေရာတွင် "Auto" ထားပါ။
၎။ OK ,
၅။ "Particular Adjustment mode" ကိုရွေးပါ။
၆။ ထို့နောက် "Waste Ink pad counter" ကိုရွေးပါ။
၇။ နောက် ပေါ်လာသော window တွင် "Main Pad counter" , "Patten Pad Counter" တို့ကို အမှန်ခြစ်ပေးပါ။
၈။ Check ကို နှိပ်ပါ။ အသုံးပြုထားသော value များကို ပြပေးပါမည်။
၉။ ၄င်းတို့ကို ပြန်ဖြေလိုသဖြင့် "Main Pad counter" , "Patten Pad Counter" တို့ကို အမှန်ပြန်ခြစ်ပါ။
၁၀။ "initialization" ကို နှိပ်ပါ ။ ခဏမျှ အလုပ်လုပ်ပြီး printer ကို ပိတ်ခိုင်းပါမည်။ Printer ကို ပိတ်ပြီး OK နှိပ်ပါ ။
Printer Waste ink pad counter error ဖြေရှင်းပြီးပါပြီ ။
posted by : Mr.GRATE
WIC Reset နဲ့လုပ်တာ ဆင်မပြေဝူးဗျာ keys ပုဝြယ်ခိုင်းနေတရ်
ReplyDeleteWIC Reset နဲ့လုပ်တာ ဆင်မပြေဝူးဗျာ keys ပုဝြယ်ခိုင်းနေတရ်
ReplyDelete